ကြက်သား BBQ
အိမ်မှာရှိတဲ့ ဒယ်ပြားနဲ့ပဲ အလွယ်တကူ ကင်စားလို့ရတဲ့ ကြက်သား BBQ လေးပါ။
အသားတွေကိုထိုးမယ့် ဝါးတုတ်တွေကို အရင်ဆုံးရေနွေးနဲ့ ဆေးထား သို့ ပြုတ်ထားပေးပါ။ မီးသွေးနဲ့ကင်မယ်ဆိုရင်တော့ ဝါးတုတ်တွေကို ရေနဲ့အကြာကြီးစိမ်ထားပေးရမှာဖြစ်ပါမယ်။ ဒါမှ ကင်တဲ့ အခါ ဝါးတုတ်တွေကို မီးစွဲစေမှာမဟုတ်ပါဘူး။
ကျွန်တော်က ကြက်ပေါင်သားကို အတုံးသေးသေးတုံးပေးထားပါတယ်။ အသားကင်တဲ့နေရာမှာ အသားနှပ်တာက ကောင်းမှသာ အသားထဲကို အရသာဝင်ပြီး ပိုစားကောင်းစေမှာဖြစ်ပါတယ်။
အသားနှပ်ရန်အတွက်
ငါးငံပြာရည် – ဇွန်းတဝက် (စားပွဲတင်ဇွန်း)
ပဲငံပြာရည်A – ဇွန်းတဝက် (စားပွဲတင်ဇွန်း)
ခရုဆီ – ၁ ဇွန်း(စားပွဲတင်ဇွန်း)
သကြား- ၁ ဇွန်း(စားပွဲတင်ဇွန်း)
ငရုတ်ကောင်းမှုန့်အမဲ
ကြက်သွန်ဖြူမှုန့်
ကြက်သွန်နီမှုန့်
ငရုတ်သီးမှုန့်မှုန့်
ကြက်သွန်ဖြူ။နီ အမှုန့်အစား ကြက်သွန်ဖြူနဲ့နီကို ညက်အောင်ထောင်းပြီး ထည့်လည်းရပါတယ်။ အားလုံးကို နှံစပ်စွာနယ်ပြီးရင် ၂ နာရီလောက်နှပ်ထားလို့ရသလို ညလုံးပေါက်ရေခဲသေတ္တာထဲထည့်ထားလည်းရပါတယ်။
နှပ်ထားတဲ့အသားတွေကို တုတ်နဲ့ထိုးပြီး ဒယ်ပြားထဲမှာပဲ မီးအလယ်အလတ်နဲ့ ကင်ပေးပါ။ အသားတွေ ကျက်သွားတော့မှ မိမိစိတ်ကြိုက် BBQ Sauce ကို ထပ်သုတ်ပြီး ကင်ပေးပါ။ ဒါဆိုရင် အရသာရှီတဲ့ ကြက်သားBBQကို အလုပ်ပိတ်ရက်မှာ သူငယ်ချင်းတွေနဲ့ လုပ်စားနိုင်ပြီဖြစ်ပါတယ်။
source
K1 ရေ မင်္ဂလာပါ
အသားဘယ်လောက်သားသုံးထားလဲ သိချင်ပါတယ်ရှင့် 😊
😋👍
👍👍👍😍😍
Good
ဆရာရေ… လွယ်ကူတဲ့ နည်းလေးသင်ပေးလို့ကျေးဇူးပါ။ အိမ်က လူ တွေ ကို လုပ်ပြီး ကြွေးလိုက်ဦး မယ် 🙏
Very nice recipe video
#ကျေးဇူးပါ…👍
😊😊😋😋😋
Thanks for uploading